- Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ

All chapters are in

Baca manga Kbook Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.

 ဆရာရှင့် သိချင်တာလေးတစ်ခုရှိလို့ပါ။ ကလေးပျက်/ဖျက်ကျတာတို့ဖြစ်ရင် သားအိမ်ခြစ်ချတယ်လို့ကြားဖူးပါတယ်။ အဲလိုလုပ်ရင် ဘယ်လိုဆိုးကျိုးတွေရှိလဲ။ မခြစ်ချရင်ရော ဘယ်လိုဖြစ်နိုင်လဲ သိချင်လို့ပါရှင်။ အကောင်းဆုံးနည်းလမ်းကို သိချင်လို့ပါ။ ပြန်ဖြေပေးပါနော်ဆရာ။
ကိုယ်ဝန်ဆောင်-ကလေးဖွါးတာဟာ အသက်ဖက်နဲ့ ထုပ်ထားရသလိုအန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါး-ကျန်းမာရေး ကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ လူတွေ အများဆုံး နေကြရပြီး၊ ဆင်းရဲမွဲတေမှု အများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမ္ဘာလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။
ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများမေးခွန်းလဲ အခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးထဲ၊ တချို့က ၂ မျိုးထဲသာသုံးတယ်။
(၁) Cytotec ရဲ့ ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း
(၂) Mifepristone (Mifeprex) ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ = ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နောက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။
(၃) Methotrexate ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ = အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။
နောက်တွဲဖြစ်နိုင်တာတွေကတော့ E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။ Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။
သားပျက်ရာပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအားကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲ ရှိတတ်တယ်၊ ဆီးအောင်တာဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ် ရှိမယ်၊ အသက်ရှူတာ ခက်မယ်၊ လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊
ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာ နဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ် အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြားရှားပါးတာတွေလဲ ရှိသေးတယ်။
ဘာလို့ဖြစ်ရသလဲ
• သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။
• ဖျက်ဘို့သုံးတဲ့ ပစ္စည်း-နည်းတွေကြောင့်လဲ ဖြစ်တယ်။
• မွေးလမ်းကြောင်း ထဲမှာ အမြဲလိုလို ရှိနေကြတဲ့ (ဗက်တီးရီးယား) တွေက အထက်ကို တက်လာရာကနေ ဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။
ဘာတွေလုပ်ရမလဲ -
• အာလ်ထွာဆောင်း ရိုက်၊
• (hCG) ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။
• ပိုးဝင်နေရင် တခါတည်း D and C သားအိမ် မခြစ်သေးဘဲ နေရသေးတယ်။
• ဒါမှမဟုတ် Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။
• လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊
• အောက်စီဂျင်လဲ လိုခြင်လိုမယ်။
• ဆေးရုံရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။
• နာနေတာ၊ ဖျားနေတာတွေ အတွက် Antibiotics ဆေးတွေ ပေးမယ်။
• မေ့ဆေးအတွက် ပြင်ဆင်မယ်။
• သွေးသွင်းဘို့ လိုနိုင်တယ်။
• သားအိမ်က အလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲထည့်ပေးမယ်။
• D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။
• မရတဲ့အဆုံး သားအိမ် ထုတ်ပြစ်ရသူလဲ ရှိနိုင်သေးတယ်။
ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ -
• အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃)Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။
• D and C ပိုးသေဆေးပေးပြီး သားအိမ်ခြင်းခြင်း၊
• မေ့ဆေးနဲ့လုပ်မယ်။ သားအိမ် ပေါက်မသွားအောင်အထူးသတိထားပါ။
• နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။
• ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊
မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ပေးသူမှာလဲ အပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ၊ မေ့ဆေးနောက်ဆက်တွဲ၊ ဆေးဝါးနောက်ဆက်တွဲ၊ ခွဲစိတ်မှုနောက်ဆက်တွဲ။ တချို့မှာ သားအိမ် ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။ အူထိခိုက်ထားတာ၊ ဆီးအိမ်ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးကသွေးထဲရောက်သွားတာလဲ ဆိုးတယ်။ ပျက်တာ-ဖျက်တာ အကုန်ဆင်းတဲ့သူတွေက သားအိမ်ခြစ်ဘို့မလိုပါ။ ဆရာဝန်ကလုပ်ပေးလို့ကတော့ စိုးရိမ်စရာမရှိပါ။
ဒေါက်တာတင့်ဆွေ

Tags: Read Book Kbook Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ Knowledge, Sex Book Kbook Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ ရုပ်ပြဘာသာ Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ online, Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ chapter, high quality sub Myanmar, Kbook , ,

Rekomendasi

Comments (0)

Sorted by