- အမျိုးသားများ ကျန်းမာရေး

All chapters are in

Baca manga Kbook အမျိုးသားများ ကျန်းမာရေး bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.

 

အရေးမကြီးတဲ့ အချက်အသေးအမွှားလေးတွေက ကိစ္စအကြီးကြီးတွေရဲ့ အကြောင်းရင်းဖြစ်လာတတ်ပါတယ်။ အဲ့ဒီတော့ ကိစ္စသေးသေးလေးတွေကို သတိထားပြီး ပြုလုပ်ခြင်းက လုပ်ငန်းအကြီးစားတွေရဲ့ အောင်မြင်ခြင်းအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ အဲ့ဒီလိုပါပဲ အမျိုးသားတစ်ဦးရဲ့ အရေးအကြီးဆုံး။ အမျိုးသားဘဝရဲ့ သက်သေတစ်ခုဖြစ်တဲ့ လိင်တံကို ထိခိုက်စေမယ့် ကိစ္စအသေးအမွှားလေးတွေကို ကျွန်တော်တို့သတိမမူမိကျပါဘူး။ အဲ့ဒီ့အချက်အသေးအမွှားလေးတွေကို သတိမမူမိရင် အိမ်ထောင်ရေးကိစ္စကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီတော့ အဲ့အကျင့်လေးတွေကို သတိထားပြီးပြုပြင်သင့်ပါတယ်။

၁။လေ့ကျင့်ခန်းအလုပ်နည်းခြင်း

Cedars-Sinaiဆေးဝါးသုတေသနဌာနရဲ့လေ့လာတွေ့ရှိချက်အရ လေ့ကျင့်ခန်းလုပ်တဲ့အမျိုးသားတွေက ပန်းသေပန်းညှိုးရောဂါအဖြစ်နည်းပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုမြင့်မားပါတယ်။အမျိုးသားအယောက်၃၀၀ကို လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ မလုပ်တဲ့သူတွေကို အုပ်စုခွဲပြီး ရလဒ်ကို စာရင်းကောက်ယူပါတယ်။လမ်းလျှောက်ခြင်း ခပ်နှေးနှေးပြေးခြင်းတို့လို ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မလုပ်တဲ့သူတွေထက် လိင်ပိုင်းဆိုင်ရာစွမ်းရည် မြင့်မားကြောင်းတွေ့ရှိရပါတယ်။

၂။ဆေးလိပ်အသောက်များခြင်း

Sheffieldတက္ကသိုလ်ရဲ့ ၂၀၁၄တုန်းက အမျိုးသား ၁၉၇၀ ရဲ့သုတ်ရည်တွေကိုလေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ၄ ရာခိုင်နှုန်းထက်နည်းသော ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲသူအမျိုးသားတွေရဲ့ သုတ်ရည်ကသာ မျိုးအောင်နိုင်စွမ်းရှိပြီး ကျန် ၉၆ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူတွေမှာ အဲ့ဒီအရည်အချင်းလျော့နည်းလွန်းနေပါတယ်။

၃။ လူပျိုဘဝ မကုန်ဆုံးသေးခြင်း

အမေရိကန်ဆေးပညာဂျာနယ်ရဲ့ ၂၀၀၈ခုနှစ်တုန်းက လေ့လာမှုတစ်ခုမှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့အကြိမ်ရေများတဲ့သူတွေဟာ မဆက်ဆံတဲ့သူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းနည်းပါတယ်။လူအယောက်၁၀၀၀ကို စမ်းသပ်ကြည့်ခဲ့တဲ့ရလဒ်အရ တစ်ပတ်ကို သုံးကြိမ်လောက် ဆက်ဆံလေ့ရှိတဲ့သူတွေထဲမှာ ၁၆ယောက်သာလျှင် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။

၄။အိပ်ချိန်နည်းခြင်း

မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ရေးမဝတဲ့သူတွေဟာ နောက်နေ့တွေမှာ လိင်စိတ်နည်းပြီး မျိုးအောင်နိုင်စွမ်းလျော့ကျသွားတတ်ပါတယ်။အာရုံစူးစိုက်နိုင်စွမ်းကျဆင်းခြင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အရိုးနဲ့ကြွက်သားတွေ ပျော့တွဲလာနိုင်စွမ်းပိုများခြင်းတို့ကိုပါ ကြုံတွေ့နိုင်တယ်လို့ The Daily Mail သတင်းစာမှတစ်ဆင့် တင်ပြထားပါတယ်။ ချီကာဂိုတက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်အရ တစ်ညကို ၅ နာရီထက် အိပ်ချိန်နည်းတဲ့သူတွေဟာ တစ်ညကို ရနာရီကနေ ၉နာရီအထိ အိပ်ချိန်ရှိသူတွေထက် အမျိုးသားဟော်မုန်းဖြစ်တဲ့ Testosteronပိုနည်းလေ့ရှိပြီး ၁၅နှစ်စာလောက်စောပြီး အိုမင်းဟန်ပေါက်လာပါတယ်။အဲ့တော့ အမျိုးသားထုရေ ညမနက်ခင်အိပ်ရာစောစောဝင်သင့်တယ်လို့များ မစဉ်းစားမိဘူးလားခင်ဗျာ???

၅။ဖရဲသီးအစားနည်းခြင်း

ဖရဲသီးမှာ Viragraမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေနဲ့ အလုပ်လုပ်ပုံခြင်း ဆင်တူတဲ့ အန္တရာယ်မရှိတဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေပါတယ်။အဲ့ဒီဒြပ်ပေါင်းက ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်စွမ်းနည်းရုံသာမက မဖြစ်အောင်ပါကာကွယ်တားဆီးနိုင်ပါတယ်။အဲ့တော့ ဖရဲသီးများများစားကျပါနော်။

၆။အလွယ်စာအစားများခြင်း

၂၀၁၁ ခုနှစ် ဟားဗတ်တက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တစ်ခုအရ အလွယ်စာအစားများတဲ့သူတွေဟာ အစားနည်းတဲ့သူတွေထက် မျိုးအောင်နိုင်စွမ်းပိုနည်းနေတာကို တွေ့ရပါတယ်။

၇။တီဗွီရှေ့ လွန်ကဲစွာထိုင်ခြင်း

ရိုချက်စတာတက္ကသိုလ်မှ ၂၀၁၀ခုနှစ်တွင်ပြုလုပ်ခဲ့သော တွေ့ရှိချက်တစ်ခုတွင် တစ်ပတ်ကို နာရီ၂၀ထက်ပိုပြီး တီဗွီကြည့်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် တီဗွီမကြည့်တဲ့သူတွေထက် မျိုးအောင်နိုင်စွမ်း ၄၄ရာခိုင်နှုန်းနည်းနေတာကိုတွေ့ရပါတယ်။

၈။နေရောင်ကာခရင်မ်အလိမ်းများခြင်း

နေရောင်ကာခရင်မ်(Skin Lotion)တွေဟာ အရေပြားကင်ဆာကို ကာကွယ်စေပါတယ်။ဒါပေမယ့် မျိုးအောင်နိုင်စွမ်းကိုတော့လျော့ကျစေပါတယ်။နေရောင်ကာခရင်မ်လိမ်းပြီးအနေများတဲ့သူတွေဟာ မျိုးအောင်နိုင်စွမ်း ၃၀ရာခိုင်နှုန်းပိုနည်းပါတယ်လို့ အမျိုးသားကျန်းမာရေးတက္ကသိုလ်(National Institute of Health)(N.I.H)က ထုတ်ပြန်ကြေငြာထားပါတယ်။ဖြေရှင်းဖို့နည်းလမ်းကတော့ နေပူထဲမထွက်ခင်နေရောင်ကာခရင်မ်လိမ်းပါ။နေပူထဲက ပြန်လာပြီး မကြာခင်မှာ ရေပြန်ဆေးပစ်ပါ။ပြီးတော့ ခရင်မ်ကို လျော့သုံးပါ။

၉။သွားအတိုက်နည်းခြင်း

သွားကျန်းမာရေးကို ဂရုမစိုက်ခြင်း(သွားမတိုက်ခြင်း)က ဘက်တီးရီးယားပိုးတွေကို ပိုများလာစေပါတယ်။သွားထဲက အဲ့ဒီပိုးတွေက လိင်တံရဲ့ သွေးကြောတွေထဲအထိ ရောက်သွားပြီး ဒုက္ခပေးပါလိမ့်မယ်။ခံတွင်းနံ့ဆိုးခြင်းကပဲ သွားတိုက်နည်းခြင်းရဲ့ အပြစ်မဟုတ်ပါဘူးလို့ ၂၀၁၂ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုကပြောပါတယ်။

၁၀။ကော်ဖီအသောက်နည်းခြင်း

တက္ကဆပ်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနက သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ကော်ဖီ ၂ခွက် ၃ခွက်သောက်တဲ့သူတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းအလွန်နည်းလွန်းပါတယ်။ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ လိင်တံအတွင်းက သွေးလွှတ်ကြောတွေနဲ့ ကြွက်သားတွေကို ဖြေလျော့စေပြီး သွေးစီးဆင်းမှုကို လွယ်ကူစေပါတယ်။

Credit:Gentleman Magazine

Tags: Read Book Kbook အမျိုးသားများ ကျန်းမာရေး Knowledge, Sex Book Kbook အမျိုးသားများ ကျန်းမာရေး ရုပ်ပြဘာသာ အမျိုးသားများ ကျန်းမာရေး online, အမျိုးသားများ ကျန်းမာရေး ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook အမျိုးသားများ ကျန်းမာရေး chapter, high quality sub Myanmar, Kbook , ,

Rekomendasi

Comments (0)

Sorted by