- ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁)

All chapters are in

Baca manga Kbook ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.


 စိတ်ချရသောရက်များနှင့် ရာသီခွင်တွက်ချက်နည်း
အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။
ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။
ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။
အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် သန္ဓေအောင်သွားတတ်သည်။
အောက်ပါဇယားကို ကြည့်ပြီး မိမိ၏ရာသီခွင်ကို တွက်ချက်နိုင်သည်။  အောက်ဖော်ပြပါဇယားမှာ ရာသီလာစောခြင်း ၊ နောက်ကျခြင်းများမရှိဘဲ လစဉ် ထိုရက်တွင် ရာသီပေါ်လေ့ရှိသော ဓမ္မတာမှန်သည့် အမျိုးသမီးများအတွက်ဖြစ်သည်။ ရာသီပေါ်ရက်မမှန်ပါက မိမိနှင့်သင့်တော်သော သန္ဓေတားဆေးများကို သုံးစွဲသင့်သည်။
ရာသီပေါ်ပြီး(၈)ရက်ဖြစ်သည့် ဇယားတွင်  နံပါတ် ၄ မှ ၁၁ သည် လင်မယားအတူနေရန် စိတ်ချရသော ရက်များဖြစ်၍ ဘာမှကာကွယ်စရာမလိုဘဲ သမရိုးကျ အိမ်ထောင်မှု ပြုနိုင်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၈)ရက်မှ ပထမ(၇)ရက်အတွင်း အမျိုးသားနှင့် မည်သည့်အကာအကွယ်ပစ္စည်းမှ အသုံးမပြုဘဲ အတူနေနိုင်ကြသည်။
နံပါတ် ၁၂ မှ ၁၄ နေ့ရက်များတွင် အမျိုးသားနှင့် အကာအကွယ်မယူဘဲ အတူနေပါက အမျိုးသားကလွှတ်လိုက်သော သုတ်များမှ သုတ်အချို့ မသေဘဲ မိန်းမကိုယ်အတွင်း ကျန်ရစ်နေနိုင်သည်။
ထိုသုတ်များသည် မမျိုးဥကြွေနိုင်သော ရက်များဖြင့် နီးနေသောကြောင့် သန္ဓေအောင်နိုင်သည်။ တနည်း ကလေး ရရှိနိုင်သည်။ ထို့ကြောင့် နံပါတ် ၁၂ မှ ၂၀ အထိသော နေ့ရက်များတွင် အမျိုးသားနှင့် အတူအိမ်ထောင်မှု ပြုလိုပါက ရာဘာ(Condom)ကို အကာအကွယ်ယူ၍ အတူနေကြရမည်ဖြစ်သည်။
ထိုရက်များကို ကျော်လွန်ပါက နံပါတ် ၂၁ မှ ၃၀ရက်များသည် အကာအကွယ်မသုံးဘဲ အတူနေဖို့ စိတ်ချရသော ရက်များဖြစ်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၁၀)ရက်မှ ပထမတစ်ရက်ဖြစ်သည့် နံပါတ်(၂၁)ရက်နေ့နှင့် နောက်ဆုံးတစ်ရက်ဖြစ်သည့် နံပါတ်(၃၀)ကို နှုတ်ပြီး ကျန်(၈)ရက်၌ အမျိုးသားနှင့် မည်သည့်အကာအကွယ်မှ မသုံးဘဲ အတူနေထိုင်နိုင်သည်။


Credit: Burmesehearts

Tags: Read Book Kbook ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) Knowledge, Sex Book Kbook ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) ရုပ်ပြဘာသာ ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) online, ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) chapter, high quality sub Myanmar, Kbook , ,

Rekomendasi

Comments (0)

Sorted by