- အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ

All chapters are in

Baca manga Kbook အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.

 


UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း

သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။

သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပ့ံပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ ့နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနို င်တဲ့ နော က် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။

တစ်ခုက ဘာလဲဆိုတော့ အိမ်ထောင် မကျခင် တရားဝင် မဖြစ် သေးခင်မှာကို မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားတာ။ နောက်တစ်ခုက ဘာလဲဆိုတော့ သမီး ရည်းစားအ ချင်းချင်း ဆိုသော်လည်းပဲ၊ မိန်းကလေးက ယော ကျ်ားလေးအကြောင်း တစ်ခါတလေမှာ ပြည့်ပြည့်စုံစုံ မသိ နိုင်တာဖြစ်နိုင်တယ်။ ယောကျ်ားလေးက လည်းမိန်း ကလေး အကြောင်း ပြည့်ပြည့် စုံစုံ မသိနိုင်တာဆိုရင် သူ့ရဲ့နောက် ကြောင်း ရာဇဝင်သူသည် ဘယ်လိုလူ မျိုးလဲ ကိုယ့်အပြင် တခြားတွဲတဲ့ လူရှိသ လားဆိုတာတွေ အပေါ်မှာ HIV ရှိ သလားဆိုတာတွေ ရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ် သူနဲ့ကိုယ်နဲ့က သူကလွဲလို့ ကိုယ့်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကလွဲလို့ သူ့ မှာ ဘယ်သူ့မှ မရှိဘူးဆိုတဲ့ ဟာဆိုရင် HIV ကပြဿနာ မဟုတ်လောက်သော် လည်း အကယ်၍ ဒီလိုမသိဘူးဆိုလဲ HIVကအတိုင်းအတာ တစ်ခုထိတော့ ကူးဖို့ဖြစ် လာပြီပေ့ါ။ ဘာကြောင့်ဆိုတော့ သူက သမီးရည်းစားလို့ ပြောရင် အကာ အကွယ်သုံးရင် သုံးမယ်။ စောစောက HIV လို့ ပြောရင် HIV မကူးချင်ရင် တော့ အကာအကွယ်သုံးရင် သုံး မယ်။ ဒါက အခုကတော့ အပြင်လူနဲ့ မဟုတ်ဘူး။ ကိုယ့်သမီးရည်း စားကြား အချင်း ချင်းဆိုတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုဆို တာတွေ ရှိနေတဲ့အခါကျတော့ အကာ အကွယ်မသုံးဘူးဆိုရင်သူ့နောက်ကြောင်း ကိုယ်မသိ၊ ကိုယ့်နောက်ကြောင်းသူမသိ၊ သူက ကိုယ့်အပြင်အခြား လူရှိတယ်ဆို ရင်တော့ HIV ပိုးကူးနိုင်တာပေါ့။ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ HIV ကူးဆက်ပျံ့နှံ့မှုမှ ဒီလိုကိစ္စ လေးတွေက တစ်စိတ်တစ်ပိုင်းပါနေတယ်ပေါ့။

မှန်းဆကြည့်ရသလောက် အတူတူ နေတဲ့အခါများသောအားဖြင့် condom မသုံးမိကြဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘာပြောလိုသလဲ။

စောစောက ပြောတဲ့ အကာ အကွယ်မသုံးဘူးဆိုတဲ့ကိစ္စမှာ စောစောက ပြောသလိုပဲ သူနဲ့သမီးရည်းစားဖြစ်နေပြီဆိုတဲ့အခါမှာ စောစောက ပြောတဲ့ ပြဿနာနှစ်ခုထဲက တစ်ခုပေါ့။ ဥပမာ ဆိုရင် ငါတို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်တဲ့အတွက်ကြောင့် ဒီကိုယ်ဝန်မရအောင် တားချင်တဲ့ အ တွက်ကြောင့် တားမယ်ဆိုတဲ့ ရည်မှန်း ချက်ဒါမျိုးရှိခဲ့ရင်လည်း သူတို့က သုံး ကောင်းသုံးမယ်။ သို့သော်ဒီလို ရှိချင်မှ လည်း ရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီဆိုရင် ဒီလိုဖြစ်ဖို့သည် ကြို တင်ပြင်ဆင်မှု ဟုတ်ချင်မှဟုတ်မယ်။ ကြိုတင်ပြင်ဆင်ထားကြတာ မဟုတ်ဘူး။ ဒီလိုပဲ အခြေအနေပေးလို့ ဖြစ်သွားကြ တာ။ တစ်ခါတလေမှာလည်း ဒီလူနဲ့ ပုံမှန်မျှော်လင့်ထားတဲ့ အနေအထား လေးမှာပဲ အနေအထားက အခြေအနေ ပေးသွားမယ်။ အဲဒီအတွက်ကြောင့် စိတ်အလို လိုက်တယ်။ စိတ်ရဲ့ခေါ်ရာ နောက်ကို လိုက်သွားတယ်ဆိုတော့ ဘာ ပဲပြောပြော ပြင်ပြင်ဆင်ဆင် ရှိဖို့က ခဲ ယဉ်းတယ်ဆိုတော့ တော်တော်များများ သည် ကွန်ဒုံးမသုံးဖြစ်ဖို့ များတယ်။ ကွန်ဒုံးမသုံးဖြစ်ဖို့ များပြီဆိုကတည်းက စောစောက ဆ ရာပြောဖြစ်တဲ့ ပြဿနာ နှစ်ခုစလုံး ဖြစ်လာနိုင်တာပဲ။ မမျှော်လင့် ဘဲနဲ့ ကိုယ်ဝန်ရသွားနိုင်တာရော၊ HIV ကူးစက်နိုင်တဲ့ အန္တရာယ်တစ်ယောက် ယောက်မှာ ရှိခဲ့ ရင် ယောကျ်ားလေး တစ်ယောက်ကို ပြောရင် ဒီယောကျ်ား လေးသည် မူးယစ်ဆေး သုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးတယ်ဆိုရင် မူးယစ်ဆေး သည် အ ကြောထဲ အပ်နဲ့ ထိုးတာမျိုး လုပ်တယ်ဆိုရင် သူက HIV ကူးစက်မှုကို ဗဟုသုတ ဘယ်လောက်ရှိလဲ။

ဘယ်လောက်အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေးအပြင် တခြားအပြင် မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောကျ်ားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေး က မသိရင် မိန်း ကလေးက HIV ကူးသွားနိုင်တယ်။ ထို နည်းလည်းကောင်းပဲ အပြန်အလှန်ပေါ့။ မိန်းကလေးမှာ HIV ရှိ၊ မရှိ ယောကျ်ားလေးဘက်က မသိတာ လည်း ဖြစ်နိုင်တယ်။ မိန်းကလေးမှာလည်း ဒီယောကျ်ား လေးအပြင် တခြားယောကျ်ားလေးရည်းစားဖြစ်ချင်ဖြစ်နိုင်မယ်ဆိုတော့ မိန်းကလေးမှာ HIV ရှိ၊မရှိမသေ ချာရင် နဂိုကယောကျ်ားလေးမှာ မရှိပေမယ့် ကိုယ့်ရဲ့ ရည်းစားကနေတစ်ဆင့် ကူးသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ Condom မသုံးဘူးဆို တာနဲ့တော့ စောစော က ပြဿ နာနှစ်ရပ်လုံးသည် ဖြစ်လာနိုင်စရာရှိတယ်။ မသုံးကြဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်တယ်။ အဆင်သင့်မဖြစ် လို့။ ကြိုတင်မပြင်ဆင်ထားလို့ သို့မဟုတ် မဖြစ်လောက်ဘူးထင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်ကြ တာလည်း ဖြစ်နိုင်တယ်။ ဒီလို အကြောင်းကြောင်း ကြောင့် ဖြစ်ဖို့များတယ်။

သမီးရည်းစား အတူနေရာကနေ HIV ကူးစက်နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး Research လုပ်ထားတာရှိလား။

ဆရာတို့ Research လုပ်ထားတာ မရှိတော့ HIV ကူးစက်နှုန်းကို အတိအကျ မပြောနိုင်ဘူး။

အဲဒါနဲ့ပတ်သက်ပြီးတော့ Research သေချာမလုပ်သင့်သေးဘူးလား။

Research လို့ ပြောရင် ဆရာတို့ လုပ်တဲ့ အလုပ်တိုင်းမှာက အထောက် အထားရှိဖို့ လိုတယ်။ အထောက်အထား ကတော့ ရလေ ဆရာတို့အတွက် အ ကောင်းဆုံးပဲ။ ဒါပေမဲ့ အထောက်အ ထားလို့ ပြောလို့ အချက်အလက်နဲ့ ပတ် သက်လို့ ဆရာတို့ မှတ်တမ်းမှတ်ရာတွေ ကနေပဲဖြစ်ဖြစ်၊ သီးသန့်ကောက်ယူ တာပဲဖြစ်ဖြစ် ရတယ်ဆိုပေ မယ့် တချို့ ကိစ္စတွေကျတော့ မှတ်တမ်းမှတ်ရာ အရလည်း ရဖို့ခက်သလို သီးသန့်သု တေသန လုပ်ငန်းကလည်း ရဖို့ကလည်း ပိုဆိုးသွားပြီ။ သူတို့ သမီးရည်း စား နှစ်ယောက်ကြားထဲမှာ ဒီလို ကိစ္စမျိုး ရှိသလားလို့ မေးရမယ်ဆို ဘယ်သူမှ မဖြေဘူးပေါ့။ အဲဒီတော့ ဒီလိုဟာတွေ ကျရင် ဆရာတို့က အခက်အခဲရှိသွားပြီ။ မင်းတို့ သမီးရည်းစား နှစ်ယောက်အတူတူနေကြလားဆို ဖြေကြတယ်ဆို ရင်တောင် ဟုတ်ပြီ။ ကွန်ဒုံးသုံးလား၊ မသုံးဘူးလားဆိုရင် ဖြေဖို့ ခက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ တော်တော်များများက လူတွေအ တွက် အလွယ်တကူ ဖြေရခက်တဲ့ sensitive question လူတွေ ဖြေရခက် တဲ့ မဖြေတဲ့ မေးခွန်းတွေဆို တကယ့် အချက်အလက် အတိအကျ မှန်မှန်ကန် ကန်ရဖို့ အခက်အခဲရှိနိုင်တယ်။ ဒီလို ဟာမျိုးဆိုရင် ဆရာတို့ ဘာလုပ်ရလဲ ဆိုတော့ လူတွေ့မေးတဲ့ မေးခွန်းမဟုတ် တော့ဘူး။ အချို့နိုင်ငံတွေကျ ဘာလုပ် လဲ။ Anonymous မမြင်ရဘဲနဲ့ အွန်လိုင်း survey တွေဆိုတာ ရှိလာတာပေါ့။ အဲဒီလိုဆိုတော့ ပြဿနာမရှိဘူး။ အွန်လိုင်းမှာ ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။ Anonymous ဆိုတော့ မျက် နှာချင်းလည်း တွေ့ရတာ မဟုတ်ဘူး။ ကိုယ်ဘာဖြေလဲ မဖြေလဲ ဘယ်သူမှ မသိကြဘူး။ အဲဒါမျိုးဆိုရင်တော့ စာ ရင်းကို ရနိုင်တယ်။ နောက်ပိုင်းလည်း ဒါမျိုးက ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။

အဲဒါဆိုရင် ဆရာတို့ဆီမှာ အွန်လိုင်း survey တွေ ပေါ်လာတယ် ဆိုရင် ကိုယ်လိုချင်တဲ့ အသက်အပိုင်း အခြားတွေမှာ ရှိနေတဲ့ အမူအကျင့်တွေ၊ ရှိနေတဲ့အလေ့ အထတွေ ကို မေးနိုင် မယ်ဆိုရင်တော့ ဒါတွေက အခုလက်ရှိ အနေအထားမှာတော့ ဆရာတို့မှာ မရှိ သေးသလို လုပ်ဖို့လည်း လက်ရှိသုံးနေ တဲ့ ပုံစံနည်းစနစ်တွေနဲ့ဆိုရင် ဆရာတို့ အခက်အခဲရှိနိုင်တယ်။ တချို့ကတော့ စာတိုက်ကနေ ပို့ပြီးမေးတယ်တို့၊ ဒါကျ တော့ တချို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေ မဲ့ ဒီမှာတော့ စာတိုက်ကနေ ဘယ် လောက် အတိုင်းအတာအထိ ချောချော မွေ့မွေ့ လုပ်နိုင်တယ်ဆိုတာ Question ပဲဆိုတော့။ အွန်လိုင်းလုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဟာမျိုး သူများနိုင်ငံမှာ သုံးတယ် ဆိုတာ အခု တွေ့ပြီး ဒီမေးခွန်းဖြေလို့ ပြောရင် အခက်အခဲရှိသွားပြီ။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေတော့။ အဲဒါ ကြောင့် မျက်နှာချင်းဆိုင်စရာ မလိုဘဲနဲ့ သူမှန်း ကိုယ်မှန်းကိုမသိတဲ့နည်းနဲ့ သွား ကြတယ်။ အဲဒီတော့ စာတိုက်ကပို့ပြီး ဖြေခိုင်းတဲ့ဟာမျိုး၊ အွန်လိုင်းကနေ ဖြေ ခိုင်းတာမျိုး။ ဆရာတို့လည်း တစ်ချိန် ချိန်မှာ ဒါမျိုးသုံးမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အချက် အလက်တွေ ရနိုင်တာပေါ့။

အခု ကျွန်မတို့ သိထားသလောက် ဒီဘက်နှစ်မှာ HIV ကူးစက်နှုန်းကျဆင်း သွားတယ်ဆိုတာဟုတ်ပါသလား။ ဟုတ်ရင် အဲဒါကရော စိတ်ချရတဲ့စာရင်းဇယားလား။

အခုနောက်ပိုင်းမှာတော့ ဟုတ်တယ်။ HIV အနေအထားနဲ့ ပြောရင်တော့ ၂ဝဝ၅ ခုနှစ် မတိုင်မီက ဆရာ တို့ မြန်မာပြည်မှာ HIV ရှိတယ်လို့ ပြောလာတဲ့ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ၂ဝဝ၅ ခုနှစ်အထိ တောက်လျှောက် မျဉ်းကြောင်းကြီးက အပေါ်ထောင်တက်လာခဲ့တာ။ ၂ဝဝ၅ ခုနှစ်က စပြီး တော့ ဒါက အပေါ်ကို ထောင်မတက်တော့ဘဲနဲ့ အတည့်ပြန်ဖြစ်သွားပြီးတော့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ ကျလာခဲ့ပြီ လို့ သိထားခဲ့တယ်ပေါ့။ နောက်ဆုံးထွက် တဲ့ စာရင်းဇယား အရတော့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပေါ့။ HIV ဖြစ်ပွားမှုနှုန်း ပေါ့။ သို့သော်လည်း ဒါကလည်း ဆရာတို့က ဒါကသွေးစစ်တဲ့လူကို အခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ အပြောင်းအ လဲ အတိမ်းအစောင်း ရှိနိုင်တယ်။ သူတို့ ကတော့ စိတ်ချရလောက်တဲ့ နည်းစနစ် တွေနဲ့ တွက်ရချက်ရတာပေါ့။ သန်း ၆ဝ ရှိရင် သန်း ၆ဝ စလုံးကို စစ်ထားတာ မဟုတ်ဘူးေ လ။ ဒီထဲက တစ်စိတ် တစ်ပိုင်းကိုပဲ စစ်ထားပြီးတော့ တွေ့တဲ့ ဟာကိုပဲ မူတည်ပြီး ရာခိုင်နှုန်း ပြန်တွက် ကြတာဆိုတော့ စစ်ထားတဲ့လူကနေ တစ်ဆင့်ပဲယူပြီး တွက်ထား တာဆိုတော့ အမှန်တကယ် ကိန်းဂဏန်းနဲ့တော့ ကွာဟကောင်း ကွာဟနိုင်တယ်။ ဘာလို့ လဲဆိုတော့ အနီးစပ်ဆုံး မှန်းလို့ရတဲ့ ကိန်းဂဏန်းပဲ ဆိုတော့ ၂ဝဝ၇ ခုနှစ် နောက် ပိုင်းတော့ တဖြည်းဖြည်း ကျလာတယ်။

လူငယ်တွေကြားမှာ HIV ကူးစက် နှုန်းအပေါ် ဆရာဘယ်လိုမြင်ထားလဲ။

လူငယ်တွေကြားထဲမှာကတော့ အကြမ်းဖျင်း ပြောရင်တော့ လူငယ်မှာ လည်း အမျိုးအစားကခွဲမယ်ဆိုရင် General Youth သူလိုကိုယ်လိုပဲ လူ ငယ်တွေရှိသလို။ ဒီထဲထဲ မှာမှ ကူးစက် မှု အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူငယ် အုပ်စုတွေ ရှိတယ်။ ဥပမာ မူးယစ်ဆေး ဝါးထိုးတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ နောက်လိင် အပျော်အပါး လိုက်စားတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် ရင်းပြီး လုပ်စားတဲ့လူငယ်အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ ဒီလိုမျိုးဟာတွေကတော့ ဘာပဲပြောပြော အခုအချိန်အထိ ကူး စက်မှု က မြင့်နေတုန်းပဲ။ စောစောက ပြောတဲ့ ဝ ဒသမ ၅၉ ဆိုတာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေအကုန် လုံးကတွက်ထားတာ ဆိုပေမယ့်လို့ အဲဒီ ထဲကမှ တစ်ဆင့် လူငယ်ဆိုတဲ့ ဟာကို ကြည့်မယ်။ အဲဒီလူငယ်ထဲကမှ ကူးစက် မှုနှုန်း မြင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လူငယ် အုပ်စုတွေကို ကြည့်မယ်ဆိုရင်တော့ သူတို့က များနေသေး တာ တွေ့ရတယ်။

ဘာကြောင့်လဲလို့ ပြောရင်တော့ လူငယ်တွေမှာ ဘာကြောင့်များလဲဆို ရင်တော့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်းအတာက ဗဟုသုတ မရှိသေး တာ ဖြစ်နိုင် တယ် ။ နောက်တစ်ခုက ဗဟုသုတရှိသော်လည်း ”ငါတို့ မဖြစ် လောက်သေးပါဘူး” လို့ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေတာ။ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ပစ္စည်း ပစ္စ ယတွေကို လက်လှမ်းမမီကြတာပေါ့။ ဥပမာ ကွန် ဒုံးသုံးချင်သော်လည်း ကိုယ်က သုံးဖို့ ကြိုတင် ပြင်ဆင်မထားတော့ တကယ့် တကယ်မှာ ကွန်ဒုံးက လက်ထဲမှာ ရှိ မနေ ဘူး။ အဲဒီလို အကြောင်းကိစ္စတွေ ကြောင့် လူငယ်တွေကြားထဲမှာ ပိုပြီး များနေတာ တွေ့ရတယ်။ ဒီထဲထဲမှာ ပိုပြီး ဆိုးသွားတာက ဘာလဲဆိုတော့ လူငယ်ဆိုတော့ လက် တည့်စမ်းချင်တာ ပေါ့။ သူများပြောလို့ မယုံတာမျိုးတွေ ရှိတယ်။ ”ဒါကတော့ ကိစ္စမရှိပါဘူး။ တစ်ခါလေးနဲ့လည်း မဖြစ်လောက်ပါ ဘူးဆိုပြီး ငါစမ်းကြည့်ဦးမှ ဆိုပြီးတော့ အဲဒါမျိုးက အန္တရာယ်ထဲကို တွန်းပို့ တာပဲ။

လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တွေကတည်းက Group Sex တွေ ရှိနေပြီလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိထားတာ များရှိသလား။

Group Sex ဆိုတဲ့ ကိစ္စတွေက တော့ ကြားလာရတဲ့ သတင်းတွေအရ သိနေရတယ်။ ဒါတွေကတော့ ဖြစ်နိုင် လောက်တဲ့ အနေအထားရှိတယ်လို့ ဆို နိုင်တာကတော့ မီဒီ ယာတွေရဲ့ လွှမ်းမိုး မှုရှိနေတယ်ဆိုတော့ ကလေးတွေက Website တွေ၊ တခြားနိုင်ငံတွေရဲ့ Information တွေ၊ တခြားနိုင်ငံရဲ့ အလေ့အထတွေ၊ တခြားနိုင်ငံရဲ့ ယဉ် ကျေးမှုတွေ လွယ်လွယ်ကူကူ သိလာရ တယ်။ လက်လှမ်းမီလာတယ်ဆိုတော့ အတု မြင်အတတ်သင် ဖြစ်ဖို့ နီးစပ် တယ်ပေါ့။အဲဒီအတွက်ကြောင့် တကယ် တမ်း လက်တွေ့ ရှိနိုင်လောက်တယ်လို့ ဆရာတို့ ပြောလို့ ရတယ်။ ဒါနဲ့ ပတ် သက်လို့ တကယ်တမ်း အချက်အလက် သိလားဆိုတော့ စောစောက ပြောသလို ဆရာတို့ HIV နဲ့ပတ်သက်လို့ အချို့ အချက်အလက်တွေတောင်မှ ဆရာတို့ မရနိုင်တော့ ဒါမျိုးဆိုရင် ပိုပြီးဆိုးတယ်။ အချက်အလက်အတိ အကျကတော့ ဆရာတို့မှာ မရနိုင်ဘူး။

လူငယ်တွေကြားက HIV ကာကွယ်ရေးအသိဟာ အင်မတန်အားနည်းသေးတယ်လို့ မထင်ဘူးလား။

လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level ကိုစစ်ကြည့်လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှရမယ်။ ဥပမာဆိုရင် HIV ကိုကာကွယ်ဖို့အတွက် Condom သုံးရင်ရတယ်ဆိုတာသိတယ်။ ကွန်ဒုံးဘယ်လို သုံးတယ်မသုံးဘူးဆိုတဲ့ အပေါ်မူတည်ပြီး HIV သည် Condom သုံးလျက်နဲ့ ကူးသွားနိုင် တယ်။ စောစော က ပြောတဲ့ ဂဃနဏ ဆိုတာ အဲဒါပဲ။ကွန်ဒုံး သုံးတယ်။ HIV ကာကွယ် နိုင်တယ်။ ဒါက အပေါ်ယံသိတာ။ သို့သော် ကွန်ဒုံးနှစ်ထပ်သုံးတာသည် HIV ကာကွယ်နိုင်မှု ပိုထိရောက်တာလား။ HIV ကာကွယ်နိုင်မှု အနှောင့်အယှက် ဖြစ်စေတာလားဆိုတာ အဲဒါမျိုးတွေပေါ့။ မဟုတ်ဘူး ကွန်ဒုံးသည် နှစ်ထပ်သုံးလို့ မရဘူး။ ၄ဝ ရာခိုင်နှုန်း နဲ့ ၅ဝ ရာခိုင်နှုန်း လူငယ်တွေက ဂဃနဏသိတာ ကျန်တဲ့ တစ်ဝက်ကျော်က ဂဃနဏ သိတဲ့အထဲ မပါသေးဘူး။ ဂဃနဏ မသိသေးသရွေ့ ကာလပတ်လုံး HIV ကူးဖို့ အခွင့်အလမ်း တွေ ရှိနေသေးတယ်။ နောက်ပြီး သိရက်နဲ့ တောင် လက်တွေ့ကျင့်သုံးဖို့တောင် ကွာပြန်ရော။ လူတွေမှာ သိတာက သိတာတစ်ပိုင်း သိတာကို လက်တွေ့ ကျင့်တာကတစ်ပိုင်း ဆိုတော့ အမြဲတမ်းအသိထက် လက်တွေ့ကျင့်တာသည် ရာခိုင်နှုန်းနည်းနေမယ် ဆိုရင် သာမန်သိတာ ၈ဝ ရာခိုင်နှုန်း ဆိုရင် သာမန်သိ တာထက် လက်တွေ့ လိုက်လုပ်နေတာသည် ၈ဝ ရာခိုင်နှုန်း ထက်ကျမယ်။ ဂဃနဏ သိတာသည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းကြား ဆိုရင်လည်း ဂဃနဏ သိတဲ့အတိုင်း လိုက်လုပ်တဲ့ ကိစ္စ သည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းအောက် မှာရှိမယ်ဆိုရင် ဒါကိုကြည့်တာနဲ့ ဆရာတို့မှန်းလို့ရတယ်။ ဘာလဲ၊ လူငယ်တွေသည် HIV ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာ ရှိရုံတင်မကဘူး။ အဲဒီမှာ အသိပညာအတိုင်းလိုက်ပြီး လက်တွေ့ကျင့်သုံးရမယ်။ ဥပမာ HIV သည် ကူးနိုင်တယ်။ HIV ကာကွယ်ချင်ရင် Condom သာ သုံးရမယ်ဆိုရင် ကိုယ်သည် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ရှိတိုင်းရှိတိုင်း ကွန်ဒုံးသုံးရမယ်။ ကိုယ့်ရည်းစား မို့လို့ မသုံးဘူးဆိုတာ မဟုတ်ဘူး။ ငါကတော့ အပျော်အပါးလိုက်ရင်တော့ ငါသုံးပါတယ်။ သို့သော် ငါ့ရည်းစားနဲ့ဆိုရင်တော့ ငါမသုံးပါဘူး။ ဒါဆိုရင်တော့ မဟုတ်တော့ ပြန်ဘူး။ တကယ်တော့ ဗဟုသုတတွေ လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဟိုတုန်း က လို အရမ်းကြီးတော့ မဟုတ်ဘူး ဆိုပေမယ့် လိုနေသေးတယ်။

ကာကွယ်ရေးအသိကို မြှင့်တင်ဖို့အတွက် ဘာတွေလုပ်နေလဲ။ ဘာတွေ ထပ်လုပ်သင့်ပါသလဲ။

ဒါနဲ့ပတ်သက်ပြီး HIV ကာကွယ် ရေးနဲ့ပတ်သက်ပြီး လူငယ်တွေ အသိပညာရဖို့အတွက်ကတော့ ဆရာတို့ နည်းမျိုးစုံနဲ့ လုပ်နေကြတယ်။ အဖွဲ့အစည်းပေါင်းစုံ လုပ်တယ်။ အစိုးရဌာန တွေလည်းပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေလည်း ပါတယ်။ အဖွဲ့အစည်းပေါင်းစုံက ကိုယ်လုပ်လို့ ရနိုင်တဲ့ အေ နအထားလေးတွေကနေ လုပ်ကြတယ်။ သို့သော်လည်း နယ်နဲ့မြို့ နဲ့တော့ မတူဘူး။ မြို့ပြကလူတွေက တော့ဘာပဲပြောပြော နယ်က လူတွေ ထက်စာရင် ဒီလို အသိပညာရဖို့ အခွင့် အလမ်းတွေ ပိုများတယ်။ နယ်ကလူတွေ မှာက ဒီလိုအခွင့်အလမ်းတွေ နည်း နေသေးတယ်။ နယ်တွေကို ရောက်တဲ့အထိ ဆရာတို့ လုပ်ဖို့ လိုနေသေးတယ်။ အဲဒါကြောင့်လုပ်တယ်ဆိုတဲ့ နည်းလမ်း တွေမှာ အမျိုးစုံရှိရတော့မှာပေါ့။ ဟောပြောတယ်။ ဟောပြောပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့အတွက် မလွယ်ကူဘူး။ သင်တန်းတွေ လုပ်တယ်။ တစ်နိုင် ငံ လုံးအတိုင်းအတာနဲ့ လုပ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဆရာတို့က ဟောပြောပွဲတွေ၊ သင်တန်းေ တွလုပ်တာ ကတစ်ပိုင်း ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက် နိုင်တာသည် မီဒီယာပဲ။

အဲဒီတော့ TV Channel တွေ FM Radio တွေ ဒီဟာ တွေကနေ တစ်ဆင့် ဆရာတို့ လုပ်ဖို့လို တယ်။ အရင့်အရင်ကတော့ ဒီမီဒီယာ တွေသည် သုံးဖို့မလွယ်ဘူး။ ခက် တယ်။ အရင်တုန်းက အနေအထားနဲ့ကျတော့ ဒီမီဒီယာတွေ အသုံးပြုခွင့်ရဖို့ကို ငွေရေး ကြေးရေးတွေ သုံးရတယ်။ ပညာပေး လုပ်ငန်းတွေအတွက် နေရာမရှိဘူး။ ရှိဦး ေ တာင်မှပဲ စျေးကြီးတယ်။ Business တွေနဲ့အပြိုင် စီးပွားရေးကြော်ငြာတွေ အပြိုင်ပေးရတာဆိုတော့ စျေးကြီးတယ်။ပညာပေး လုပ်ငန်းတွေကို အဲဒီလောက် အတိုင်း အတာ အထိ လုပ်နိုင်တဲ့လူမရှိဘူး။ ပညာပေးလုပ်ငန်းတွေအတွက်သည် Free ရတဲ့ မီဒီယာတွေသည် Free Access ဖြစ်မှ လူတွေကိုရောက်မှာပေါ့။ အခုတော့ လည်း အချို့ေ နရာတွေမှာ Free ရနေပြီ ဆိုတော့ ဘာပဲပြောပြောရှေ့ဆိုရင်တော့ ပိုပြီးတော့ အခြေအနေလေးတွေ ကောင်း လာမယ်ထင်တယ်ပေါ့။ ဆရာ့အနေနဲ့ ပြော ရရင် Free Education လိုင်းလေး တွေရှိလာတာသည် ကောင်းတယ်။ ဒါမှပဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်မှာကိုး။ Radio နဲ့ ရောက်နိုင် တဲ့ နေရာတွေရှိတယ်။ တချို ့နေ ရာတွေမှာ TV ရောက်နိုင်တဲ့ နေရာတွေရှိတယ်။ လူမရောက်နိုင်တဲ့ နေရာတွေ အများကြီးပဲ။ သွားပြီး သင်တန်းမပေးနိုင်ဘူး။ သွားပြီး မဟောပြော နိုင်ဘူး။ သို့သော် Radio နားေ ထာင်ရင် ရေဒီယိုကနေ ပေးသွားမှာပေါ့။ ဒါမျိုး လေးတွေပေါ့။

အတိုင်းအတာတစ်ခု အထိ လုပ်နေသော်လည်း လုပ်ဖို့ လိုပါ သေးတယ်။ လုပ်ပုံလိုပါသေးတယ်။ ကျယ် ကျယ်ပြန့်ပြန့် နေရာအနှံ့တောရော မြို့ပါ မကျန်ရောက်ဖို့ အတွက် ဆိုရင်တော့ အရှိန် အဟုန်တော့ ထိန်းထားရဦးမယ်။ တစ်ခုပဲ ရှိတယ် တစ်ခါတလေမှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ သူတို့ကပြောတယ် HIV က ၂ဝဝ၇ နောက်ပိုင်း ကျနေပြီဆိုတဲ့အခါမှာ သူတို့က နောက်ပိုင်းလူတွေက ဘာဖြစ် လာလဲဆိုတော့ အားလျော့လျော့ သွား တယ်။ မလိုတော့ ပါဘူးဆို။ မဟုတ်ဘူး။ ဒီတိုင်းဆက် လုပ်နေမှ ဒါဆက်ကျမှာလေ။ ရပ်လိုက်တာနဲ့ ပြန်ပြီးတော့ ထောင်တက် လာမှာပဲ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလို မျိုး အတွေ့အကြုံတွေ ရှိဖူးတယ်။ အရှိန် လည်း ချလို က်ရော ပြန်ထိုးထောင်တက် သွား ရော။ ဒါမျိုး မဖြစ်ဖို့လည်း လိုတယ်။ အရှိန်အဟုန်မပျက်အောင် လုပ်နေတဲ့ လူကလည်း ဆက်လုပ်ဖို့ လိုတယ်။ ပြီးရင် နောက် ဆုံးအ လှူရှင်တွေကလည်း နောက်ပိုင်း HIV ဆို သိပ်မဟုတ်တော့ဘူး။ အဲဒီလိုဟာမျိုးတွေ အမှန်တော့ အဲဒါ မဟုတ်ဘူး။ Prevention သည် လုပ်ကိုလုပ်နေရမှာ။ အဲဒီတော့ အရှိန်အဟုန် သည် ရပ်လို့လည်း မရသေးဘူး။ လျှော့လို့ လည်း မရသေးဘူး။ လုပ်နေတဲ့အတိုင်း ဆက် လုပ်သွားရမယ်။ အဲဒါမှ အခုကျ နေတဲ့ မြားသည် ဆက်ကျ သွားမယ်။

သမီးရည်းစားဘဝ အတူနေခြင်းနဲ့ ပတ်သက်ပြီး ဆရာဘာပြောချင်ပါသလဲ။

သမီးရည်းစားဘဝ အတူတူနေ တာနဲ့ ပတ်သက်လို့ ဆရာပြောချင်တာ ကတော့ ဒီလိုအချိန်မှာ အရွယ်ရောက် လာရင်တော့ သမီးရည်းစားဖြစ်ကြတာ သဘာဝပဲ။ ဒါ မမှား ဘူး။ ဒါလူ့ရဲ့ ခန္ဓာ ကိုယ်မှာရှိတဲ့ဟော်မုန်းရဲ့ လှုံ့ဆော်မှု ကြောင့် သဘာဝဖြစ်တယ်။ ဒါပေမဲ့ သမီး ရည်းစားအတူနေတယ်ဆိုတဲ့ အဖြစ်က တော့ ထည့်ပြီးစဉ်းစားရေ တာ့ မယ့် အ ချက်တွေ ရှိတယ်ထင်တယ်။ ဆရာ အမြဲ တမ်း ပြောတဲ့စကားကတော့ အဆင်သင့် ဖြစ်ပြီလားပေါ့။ သမီးရည်းစားကတော့ ဟုတ်ပြီ၊ သမီးရည်းစား အနေနဲ့ ကတော့ ဖြစ်တယ်။ သမီးရည်းစား အဆင့်ကနေ ကျော်ဖို့ကျတော့ နှစ်ယောက်စလုံးသည် အဆင်သင့်ဖြစ်ပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုမယ်ထင်တယ်။ ဒီမေးခွန်းကို မမေးဘဲနဲ့တော့ Blind ကြီး အဆင့်ကျော် သွားရင် အခက်အခဲတွေဖြစ်ကြမှာ။အဲဒီ တော့ အဆင်သင့်မဖြစ်ဘဲ ကိုယ်ဝန်ရ သွားရင် ဘာလုပ်ကြမလဲ။ အခုရှိတယ်။ အပြင်မှာ တစ်ခါတလေကြားရတာအဆင် သင့်မဖြစ်ဘဲ ကိုယ်ဝန်ရသွားတယ်။ ပြီး တော့မှ ဘာလုပ်ရမှန်းမသိဘူး။ နောက် ဆုံး ဘာပဲပြောပြော ဖြေရှင်းဖို့ အတွက် ပြဿနာ က လောလောဆယ် အိမ်ထောင် ပြုလို့မရ။ ယောကျ်ားလေးဘက်ကလည်း လက်မခံသေး။ မိန်းက လေးဘက်ကလည်း လက်မခံသေး အသက်အားဖြင့်လည်း Ready မဖြစ်၊ ပညာရေးလည်း မပြီးသေး ဘူးဆိုရင် နောက်ဆုံးကျတော့လည်း မထူးပါဘူး။ ဖျက်ချလိုက်ဆိုတဲ့ဟာမျိုး အပြင်မှာ ရှိနေကြတယ်။ ကြားနေကြတယ် ဆိုတော့။ ဘယ်လိုပြောပြော ဖျက်ချတယ် ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ တော့ မိန်းကလေးမှာ ထိခိုက်နစ်နာမှု ရှိတာပဲ။ အသက်ထိခိုက် နစ်နာနိုင်တာ ရှိတယ်။ အသက် ထိခိုက် မနစ်နာရင် တောင်မှပဲ အချို့ဆိုရင် ပိုးဝင်သွားတယ်။

ဘာကြောင့်လဲဆိုတော့ ဖျက်ချဖို့ကြိုးစား တဲ့အခါမှာ စနစ်တကျမှ မရှိတာလေ။ စနစ်တကျ ဖျက်ချပေးတယ်ဆိုတာ ဆရာ တို့ မြန်မာနိုင်ငံမှာမှ မရှိသေးဘူး။ တရား ဝင် ဘယ်မှာမှ မရှိသေးဘူး။ အဲဒီတော့ ခိုးကြောင်ခိုးဝှက်လုပ်ကြတယ်။ ခိုးကြောင် ခိုးဝှက်လုပ်ပြီ ဆိုကတည်းက တတ်ကျွမ်း တဲ့လူ လုပ်တာလည်း ဟုတ်ချင်မှ ဟုတ် မယ်။ မတတ်ကျွမ်းတဲ့လူလုပ်တာ ပိုများ တယ်။ ဒီတော့ မတတ်ကျွမ်းဘဲလုပ်တယ် ဆိုကတည်းက လုပ်တဲ့ နည်းလမ်းသည် စနစ်မကျရင် ရောဂါပိုး ဝင်တယ်။ တချို့ မိန်းကေ လးတွေဆိုရင် ဒီရောဂါပဲ။ အဲဒီ တော့ အထဲထဲကို ရောဂါပိုးဝင်သွားတဲ့ အတွက်ကြောင့် နောက်ဆုံး ဒီသားအိမ်ကြီး ပျက်စီးသွားတယ်။ တစ်သက်လုံး ကိုယ်လို ချင်တဲ့ အချိန်ရောက်ရင်တောင်မှ ကလေး မရတော့ဘူး။ တစ်သက်လုံး မြံုသွားတဲ့ ကိစ္စပေါ့။ ဒါတွေကတော့ မိန်းကလေး တစ်ယောက်အတွက် ထိခိုက်နစ်နာမှုဘဲ။ တစ်ခုေ တာ့ ပြေလည်သွားတယ်။ ဒါပေမဲ့ တစ်သက်လုံးအတွက် ဘာဖြစ်သွားမလဲ။ ဒါဟာ အမာရွတ်ကျန်ခဲ့တဲ့ သဘောပဲ။ ကဲနောက်ဆုံး ယူမယ်ဆိုပြန်တော့ရော အဆင် သင့်မဖြစ်ဘဲယူတယ်။ ကျောင်း မပြီးဘူး။ တို့လို့တန်းလန်း ဖြစ်တယ်။ တချို့ ကျောင်းပြီးဦးတောင်မှ အလုပ် အကိုင် မရှိသေးဘူး။ ကိုယ့်အိမ်ထောင် တစ်ခု တည်ထောင် ဖို့အတွက် Ready မဖြစ်သေးဘူးဆိုတော့ အဲဒီမှာ တစ်ခါ ထပ်ပြီး ဘာတွေဆင့်လာလဲဆိုတော့ အိမ် ထောင်ရေးပြဿနာတွေက ထပ်ဆင့်လာ တယ်။ အဲဒီတော့ နှစ်ေ ယာက် စလုံးက အဆင်သင့်မဖြစ်သေးဘဲ ယူလိုက်ကြတဲ့ အခါ နှစ်ယောက်စလုံးက အခက်အခဲ တစ်ခုရှိတိုင်း တစ်ယောက် နဲ့တစ်ယောက် အပြန် အလှန် ြ ပဿနာရှာ တယ်။ အပြစ် ဖို့ကြတယ်နဲ့ပဲ အဆင်မပြေကြဘူး။ ဘယ် အထိသွားလဲဆိုတော့ ကလေးအထိ သွား တယ်။ အဲဒီတော့ ဆရာပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် လည်း တူ ချင်မှ တူမှာ။ အဆင်သင့်ဖြစ်ပြီ။

ပြဿနာ မရှိဘူး။ အဆင်သင့်မဖြစ်သေးတဲ့ လူအတွက် ကျတော့အဆင်သင့် မဖြစ် သေးသရွေ့ ကာလပတ်လုံး ခေါင်းထဲမှာ ထည့်ထားရမှာက ကိုယ့်မှာ အခက်အခဲ တွေ အများ ကြီးရှိနိုင်တယ်ဆိုတဲ့ဟာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆင်သင့် ဖြစ်မဖြစ် မေးခွန်းမေးပြီးမှ ကိုယ်ပိုင် ဆုံး ဖြတ်ချက်နဲ့ လုပ်ပေါ့။ မှားတယ်၊ မှန်တယ် တော့ ဆရာမပြောလိုဘူး။ လူတိုင်းမှာ လုပ်သင့်မလုပ်သင့် ကိုယ်တိုင် ဆုံးဖြတ် မယ်။ သို့သော် လုပ်ပြီးရင်လည်း တာဝန် ယူ တတ်တဲ့အကျင့် ရှိရမယ်။ ဒါပဲ။ တချို့ ယော ကျ်ားေ လးတွေ ရှိတယ်။ ဖြစ်နိုင်တယ် ဒါမျိုးက။ နှစ်ယောက်စလုံး ပထမတော့ စိတ်ခံစားချက်အရ လုပ်လိုက်တာပဲ။ နောက်ကျတော့ မဟုတ်ဘူး။ ဟုတ်လား တာဝန်မ ယူနိုင်ဘူး ဆိုတာတွေလည်းရှိတဲ့ အတွက်ကြောင့် အဲဒီတော့ မိန်းကလေး ဘက်ကလည်း ဒါတွေ သတိထားဖို့လိုတာ လေ။ တစ်ခါတလေမှာတော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့ပဲ တကယ်တမ်းကျတော့ သူကတာဝန်မယူဘူးဆိုရင် ကိုယ့်မှာနစ်နာ တာတွေအများကြီး။ တကယ်တမ်းတာဝန် ယူဦးတော့ တကယ်တမ်းကျတော့လည်း အဆင်ပြေ ချင် မှပြေမယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းရဲ့အဖြေက ကိုယ့်ဆီမှာပဲ ရှိတယ်။ ဒီအဖြေသည် ကိုယ့်မှာရှိတယ် ဆိုရင် ဆက်သွား လို့ရ မယ်။ မရှိရင်တော့ သတိထားရမယ်ပေါ့။ အဲဒီတော့ ဒါဆိုရင် ကြိုကြိုတင်တင် ငါတို့ဘာလုပ်သင့်လဲဆိုတဲ့ အဖြေ။ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ ဒီလို မျိုး ဖြစ်လာနိုင်တာကို သိ ရင် ငါတို့ဘယ်လို ကြိုတင်ကာကွယ်ထား မလဲ။ ဖြစ်ပြီးမှလုပ်ရတာထက်စာရင် မဖြစ် ခင် ကြိုတင်ကာ ကွယ်ထား တာသည် နှစ် ယောက်စ လုံးအ တွက် အဆင်ပြေတယ်။ အဲဒီတော့ နှစ်ယောက်စလုံးအတွက် ကြိုတင် ကာကွယ်ဖို့ကို ဗဟုသုတရှိဖို့ လိုတယ်။ ဗဟုသုတရှိဖို့ဆိုရင် လူငယ် တစ်ယောက် အတွက် ရှိသင့် ရှိထိုက်တဲ့ ဗဟုသုတရှိဖို့ အတွက် စာအုပ်တွေ ဖတ်ထားလို့ရတယ်။ သူများပြောတာ နားထောင်လို့ရတယ်။

လူငယ်တွေကြားကအတူနေတဲ့အခြေအနေကိုလုံးဝဖျက်ပစ်လို့ မရနိုင်တာသေချာပါတယ်။ ကိုယ်ဝန်ဖျက်ချမှု ပြဿနာလည်းများလာတယ်လို့ ကြား နေရတယ်။ ဒီမှာေ ရာ တရားဝင်ကိုယ်ဝန်ဖျက်ချမှုဥပဒေ လုပ်သင့်ပါသလား။

ယောကျ်ားလေးနဲ့ မိန်းကလေး သည် အိမ်ထောင်မကျသေးဘူး။ သို့ သော်လည်း အကြောင်းကြောင်းကြောင့် မမျှော်လင့်ဘဲနဲ့ တရားဝင် အိမ်ထောင် မကျသေးခင်မှာ ကိုယ်ဝန်ရကြတယ် ဆို တာရှိနေတာပဲတဲ့။ အဲဒီတော့ ရပြီးပြီ ဆိုရင် ဒီကိုယ်ဝန်ကြောင့် ဖြစ်လာနိုင် တာတွေကို စဉ်းစားရမယ်။ ဖျက်ချတယ် ဆိုတာ မကောင်းဘူး။ ယူမယ် ဆိုပြန် တော့လည်း အဆင်သင့်မဖြစ်။ အိမ် ထောင်တစ်ခု တည်ဆောက်ဖို့အတွက် နှစ်ယောက်စလုံးအတွက် အခြေအနေ မပေးသေးဘူးဆိုရင် ဖျက်ချ သင့်သလား ပေါ့။ ဖျက်ချသင့်သလားဆိုတော့ ဖျက် ချသင့်တယ်လို့ ဖြေတဲ့လူလည်း ရှိမှာပဲ။ မဖျက်ချသင့်ဘူးလို့ ဖြေတဲ့လူလည်း ရှိ မှာပဲ။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာ မြန်မာ့ ယ ဉ်ေ ကျးမှုဆိုတာတော်တော်လေး ဟိုးအရင်ကတည်းက ရှိခဲ့ကြတာဆိုတော့ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် အချို့သောယဉ်ကျေးမှုေ တွ သည် ပြောင်း ဖို့ လို လာတာလည်း ဖြစ်ကောင်းဖြစ် နိုင်မယ်။ မိန်းကလေးနဲ့ ယောကျ်ားလေး အိမ်ထောင် မကျသေးဘဲ အကြောင်း ကြောင်းကြောင့် ကိုယ်ဝန်ရသွား ခဲ့ေ သာ် ဒီကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်။ ကျန်း မာရေး ရှုထောင့်အရပြောရင် ရှိသင့်တယ် လို့ ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ မဟုတ်တာတွေ လုပ်လို့ရှိရင် လုပ်ချင်တာ တွေ လုပ်လို့ရှိရင် ပြဿနာက ပိုဆိုးသွား မှာ။ စနစ်တကျလုပ်လိုက်တော့ ဘာပဲ ပြောပြော အန္တရာယ် ကင်းတယ်လို့ပဲ ဆို ရမှာပေါ့။ နို့မို့ဆိုရင် တရားဝင် မလုပ်ပေး ဘူး။ မလုပ်ပေးတော့ လုပ်ပေးတဲ့လူက စနစ်မကျဘူး။ ကျွမ်းကျင်မှုမရှိဘူးဆိုတော့။ သို့သော် ဒါပေမဲ့ တစ်ခါ တစ်ဖက်က ဒီလို ရှိပြန်ရင်လည်း လူတွေက ဒါကို အလွဲ သုံးစား လုပ်မှာလား။ ဒီဟာကြီးရှိ ပြန် ရင်လည်း ဒါကြီးရှိနေတာပဲ ငါတို့ကိစ္စမရှိ ဘူး။ နေချင်သလို နေလို့ရတယ်။ ကာ ကွယ်စရာလည်း မလိုဘူး။ ပြီးရင် ဒီလို လုပ်သွားလို့ရတယ်ဆိုတော့ ဘာပဲပြော ပြော ကောင်းတာနဲ့ ဆိုးတာနဲ့ပေါ့။ ရှိတဲ့ အတွက်ကြောင့် ကောင်းသွားနိုင်တယ်။ မရှိတဲ့ အတွက်ကြောင့် မကောင်းသွား တာလည်း ရှိတော့ ဒါကတော့ ကျန်းမာ ရေး ရှုထောင့်အရ ရှိသင့်တယ်လို့ ပြောလို့လဲပဲ။ ရှိခြင်း မရှိခြင်း အတွက် ကတော့ တော်ေ တာ်ကြီးကို ဆွေးနွေးရမယ်။ ပညာ ရှင်တွေ အကုန်လုံး ပါရမယ်။

ဒါပေမဲ့ ဒီဟာကို စဉ်းစားဖို့ အချိန်တော့ တန်ပြီ။ ဘာလို့လဲဆိုတော့ မစဉ်းစားရင် အခုလက် ရှိ အနေအထားအ တိုင်းပဲ ရှိနေမယ်ဆိုရင် ဆရာတို့မှာ ပြဿနာ အခက်အခဲတွေ က မျိုးစုံရှိတယ်။ ဆိုတော့ တချို့နိုင်ငံတွေ မှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြ ဘူး။ အလေ့ အထတွေ မတူကြဘူးဆိုတော့ ဆရာတို့ သူများနိုင်ငံတွေမှာ ဘယ်လို လုပ်လဲဆိုတာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လေ့လာပြီးရင် ကိုယ့်နိုင်ငံမှာ ဘယ်လို လုပ်သင့်သလဲဆိုတာ အကောင်းဆုံး အ ဖြေက ဘာလဲပေါ့။ နောက်ဆုံးအဖြေက ရှိသင့် တယ်လို့ တွက်တာလည်း ရှိမယ်။ မရှိသင့်သေးဘူးလို့ တွက်တာလည်း ရှိ ချင်ရှိမယ်။ ရှိသင့်တယ်ဆိုရင်လည်း ရှိဖို့အတွက် ဘယ်လို အခြေအနေမျိုး ဆိုရင်တော့ ဘယ်လို အခြေအနေမျိုး ဖြစ် နိုင်လဲဆိုတာကိုပါ တစ်ခါတည်း တွဲပြီး သတ်မှတ်ရမှာပေါ့။ အဲဒီတော့ ဒါစပြီး စဉ်းစားရမယ့် အချိန်တန်ပြီ။ အထူးသ ဖြင့်တော့ ကိုယ်တွေနဲ့ ယဉ်ကျေးမှု အနေ အထားချင်း မတိမ်းမယိမ်းရှိတဲ့ နိုင်ငံမျိုး တွေမှာရော ဘာတွေလုပ်နေလဲ။ ရှိတဲ့ နိုင်ငံ ရှိမယ်။ မရှိတဲ့နိုင်ငံ ရှိမယ်။ မရှိတဲ့ နိုင်ငံ မှာရော ကိုယ်နဲ့အ တူတူပြဲ ပဿနာေ တွ ဖြစ်နေလား။ ပြဿနာတွေ မရှိဘူးဆိုရင် သူတို့မှာ မရှိရက်နဲ့ မဖြစ်ဘူးဆိုရင် သူတို့ မှာ တခြားဘာတွေလုပ်နေတဲ့ နည်းလမ်း တွေ ရှိလဲ။ ရှိတဲ့နိုင်ငံမှာရော ရှိတဲ့အ တွက် ကြောင့် ပိုပြီးကောင်းလား တစ်လွဲသုံး တာတွေ ရှိလားဆိုတာလေ့လာရမှာပေါ့။ အဲဒီကနေတော့ အဖြေတစ်ခုတော့ ထွက်မှာပေါ့။

By Popular Myanmar

Tags: Read Book Kbook အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ Knowledge, Sex Book Kbook အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ ရုပ်ပြဘာသာ အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ online, အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook အကာအကွယ်မသုံးဘဲအတူနေဖူးတဲ့သမီးရည်းစားများ အထူးသတိထားရမည့် ရောဂါ chapter, high quality sub Myanmar, Kbook , ,

Rekomendasi

Comments (0)

Sorted by