Kbook - ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ
Baca manga Kbook ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.
လိင်တံ၊
ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို
ခေါ်တာပါ။ လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး
မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။
ပါးစပ်နဲ့ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။
ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်းရှိပါတယ်။
အားသာချက်များ
၁။ ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း
ပါးစပ်နဲ့ဆက်ဆံတာကို
စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ကိုယ့်အဖော်ကြားမှာ
စစ်မှန်ပြီးရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။
ဒါကြောင့်ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။
၂။ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု ခံနိုင်ရည်ကို တိုးတက်စေခြင်း
သုက်ရည်ထဲမှာ
Cortisolလ ို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက
ဦးခေါင်းဆီအောက်ဆီဂျင် ပိုရောက်အောင်လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ
ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။
၃။ နာကျင်မှုကို လျော့နည်းစေခြင်း
ပါးစပ်နဲ့ဆက်ဆံနေစဉ်နဲ့
ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲမှာ Oxytoin၊ Endorphin
စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေကို နာကျင်မှုတွေကို
လျော့နည်းသက်သာစေပါတယ်။
၄။ စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း
ခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကိုအထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။
အားနည်းချက်များ
၁။ လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိခြင်း
ပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုးကူးစက်ခံရနိုင်ချေပိုများပြီး လည်ချောင်းကင်ဆာဖြစ်နိုင်ချေပိုရှိပါတယ်။
၂။ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ
HIV
ပိုး၊ ရေယုုန်၊ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါပိုး၊ HPV
ပိုးများလည်း ပါးစပ်နဲ့လိင်ဆက်ဆံခြင်းက တစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။
၃။ ဆစ်ဖလစ်ရောဂါ
ဆစ်ဖလစ်လက္ခဏာများဟာ
လိင်အင်္ဂါနဲ့ စအိုတို့မှာ တွေ့ရလေ့ရှိပြီး
ရှားရှားပါးပါးအနေနဲ့နို့သီးမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ပြီး
လျှာနဲ့နှုတ်ခမ်းတို့မှာ တွေ့ရတတ်သလို၊
ရောဂါပိုးရှိသူရဲ့ပါးစပ်ကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ပါးစပ်နဲ့ဆက်ဆံခြင်းဟာကိုယ်ဝန်ရှိနေချိန်လို
တချို့သောအချိန်တွေမှာတော့ စုံတွဲတွေအတွက် အကျိုးရှိပါတယ်ဒါပေမယ့်လည်း
ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိနေဆဲပါပဲ။ ဒါကြောင့် ပါးစပ်နဲ့
ဆက်ဆံခြင်းကနေ ရောဂါပိုးတခုခု ကူးစက်ခံရတယ်ထင်ရင်တော့
နီးစပ်ရာဆေးရုံဆေးခန်းပြပြီး အကောင်းဆုံးအကြံဉာဏ်တွေ ရယူနိုင်ပါတယ်။
credit to
Tags: Read Book Kbook ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ Knowledge, Sex Book Kbook ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ ရုပ်ပြဘာသာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ online, ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ chapter, high quality sub Myanmar, Kbook , ,
Comments (0)