Kbook - မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား
Baca manga Kbook မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.
မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား
“Squirting” ဆိုတာ ဘာပါလဲ။ မိန်းမတိုင်း လုပ်နိုင်ပါသလား။ အဲဒီမေးခွန်းတွေကို ဆရာဝန်တွေက ဖြေပေးထားပါတယ်။
မိန်းမခန္ဓာကိုယ်ဟာ
လျှို့ဝှက်ဆန်းကြယ်ပါတယ်။ G Spot ရှိမရှိကို ငြင်းသူတွေက
ငြင်းနေကြတုန်းမှာ မိန်းမ သုတ်ရည် ပန်းထွက်ခြင်းနဲ့ ပါတ်သတ်ပြီးလဲ
အငြင်းအခုန်တွေ ဖြစ်နေပါတယ်။ ကံကောင်း စွာနဲ့ မကြာသေးခင်က လေ့လာချက်တွေက
သုတ်ရည် ပန်းထုတ်တာနဲ့ ပါတ်သတ်ပြီး တချို့တဝက်ကို ဖြေရှင်းနိုင်ပြီ
ဆိုပါတယ်။
အဲဒါက ဘာလဲ
မိန်းမတော်တော်များများက အဲဒါကို
ဆီးလို့ပဲ ထင်ပါတယ်။ ပြင်သစ် လေ့လာချက်တစ်ခုက အရည်ပန်းထုတ်တတ်တဲ့
မိန်းမတွေကို စစ်ဆေးပြီးနောက်မှာ အဲဒီ မိန်းမတွေ ပြီးဆုံးပြီးသွားရင်
ဆီးအိမ်ထဲက ဆီးပမာဏ လျော့နည်းသွားတာကို လေ့လာ တွေ့ရှိရပါတယ်။
ဒါပေမယ့်
ဩစတီးယားက ဆီးလမ်းကြောင်းဆိုင်ရာ ပညာရှင်တစ်ယောက်ကတော့ မိန်းမ
ပရော့စတိတ်ဂလင်းနဲ့ အရည်ပန်းထုတ်ခြင်းကို လေ့လာတွေ့ရှိခဲ့ပြီ ဆိုပါတယ်။
သူ့ရဲ့ လေ့လာချက်အရ ၁၀ ရာခိုင်နှုန်းထက် နည်းတဲ့ မိန်းမတွေဟာ ဆီးမဟုတ်၊
ဆက်ဆံစဉ် ထွက်တဲ့ အရည် မဟုတ်တဲ့ အခြား အရည်တစ်မျိုးကို တွေ့ရှိခဲ့ပြီ
ဆိုပါတယ်။ အဲဒီ အရည်ဟာ ယောက်ျားတစ်ယောက် ဆက်ဆံစဉ် ထွက်ရှိတဲ့ သုတ်ရည်နဲ့
ဓာတုဗေသ သဘောချင်း တူနေတာ တွေ့ရပါတယ်။
အဲဒါ ဘယ်ကလာလဲ
မိန်းမတစ်ယောက်ရဲ့
မအင်္ဂါ အတွင်းပိုင်း အပေါက်နားလေးမှာ ဂလင်း သေးသေးလေးတွေ အများကြီးပါ။
အဲဒါတွေက မိန်းမသုတ်ရည်ရဲ့ အရင်းအမြစ် ဖြစ်နိုင်ပါတယ်။ အဲဒီ ဂလင်းလေးတွေကို
မိန်းမ ပရော့စတိတ်ဂလင်းလို့လဲ ခေါ်ပါတယ်။
တကယ် ထွက်တဲ့
မိန်းမသုတ်ရည်ဟာ အပြာကားတွေထဲက မိန်းမတွေ ထွက်တာနဲ့ မတူပါဘူး။ တကယ် ထွက်တဲ့
သုတ်ရည်ဟာ အနံ့ပြင်းပြီး ပျစ်ချွဲချွဲ အဖြူရောင် ရှိပါတယ်။ တကယ် အရည်
ပန်းထွက်တယ်ဆိုတာဟာ အဲဒီအရည်နဲ့ ဆီးနဲ့ ရောထားတာပါ။
ပြောရရင်
အပြာကားထဲက ရိုက်ကွက်တွေဟာ အတုတွေပါ။ မင်းသမီးရဲ့ ရဲ့ မအင်္ဂါထဲ ကြိုပြီး
ထိုးထည့်ထားပြီး လှုံ့ဆွပေးလိုက်တဲ့အခါ ပန်းထွက်လာတာပါ။
မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား
ဒီကိစ္စကတော့
ပြောရခက်ပါသေးတယ်။ မိန်းမတစ်ယောက် ဘယ်လောက် ကောင်းနေနေ သုတ်ရည်
ပန်းထုတ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ မိန်းမ တစ်ယောက်ခြင်းစီအတွက်
ကွဲပါသေးတယ်။ အာဖရိကက တချို့ လူမျိုးစုတွေမှာ မိန်းမတိုင်းက
အရည်ပန်းထုတ်နိုင်ပါတယ်။ တချို့ လိင်ကျွမ်းကျင် ပညာရှင်တွေကလဲ မိန်းမကို
အရည် ပန်းထုတ်နိုင်အောင် သင်ပေးနိုင်တယ် ဆိုပါတယ်။ ဒါပေမယ့် မိန်းမတွေ
အရည်ပန်းထုတ်ခြင်းက ပိုကောင်းကောင်း ခံစားရတယ်လို့ မဆိုလိုပါဘူး။
အဲဒါက
မိန်းမတွေရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ ဆိုင်နိုင်ပါတယ်။ တချို့မိန်းမတွေက
တချို့ ဆက်ဆံပုံတွေကို ပိုကြိုက်သလိုပါပဲ။ တချို့က
အရည်ပန်းထုတ်နိုင်ပါတယ်။ ဒီကိစ္စမှာ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်။
www.tolimolishop.com
Tags: Read Book Kbook မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား Knowledge, Sex Book Kbook မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား ရုပ်ပြဘာသာ မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား online, မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား chapter, high quality sub Myanmar, Kbook , ,
Comments (0)