- တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်

All chapters are in

Baca manga Kbook တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် bahasa Indonesia terbaru di Sexknowledges. Manga Kbook bahasa Indonesia selalu update di Sexknowledges. Jangan lupa membaca update manga lainnya ya. Daftar koleksi manga Sexknowledges ada di menu Daftar Manga.

 



တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်
...........................
တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ဝေးစေမယ်ဆိုတာ ကိုတော့ သင်ကြားဖူးပြီးသားဖြစ်မှာပါ
နောက်ပိုင်းလေ့လာချက်တွေအရ ပုံမှန်အာသာဖြေမှုပြုလုပ်မယ်ဆိုရင် ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွားစေနိုင်ကြောင်းတွေ့ရှိရပါတယ်
အာသာဖြေတယ်ဆိုတာကတော့ တစ်ကိုယ်ရေအာသာဖြေမှုတင်မကပဲ အမျိုးသမီးနဲ့ အတူအာသာဖြေခြင်းလည်း ပါဝင်ပါတယ်ပြီးတော့ ဒီလေ့လာမှုကိုလုပ်ခဲ့တဲ့သူတွေဟာ ဟားဗက်ဆေးပညာကျောင်းက သုတေသနအဖွဲ့ပဲဖြစ်ပါတယ်

စစ်တမ်းအရ တစ်လကို ၂၁ ကြိမ်လောက်အာသာဖြေလေ့ရှိတဲ့အမျိုးသားတွေဟာ
တစ်လကို ၄ ကြိမ်မှ ၇ ကြိမ်လောက်လာအာသာဖြေလေ့ရှိတဲ့အမျိုးသားတွေထက်
ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်မှု ၂၂ ရာခိုင်နှုန်းလျော့နည်းနေကြောင်းတွေ့ရပါတယ်

ရလဒ်တွေကတော့ အားစရာပါပဲ လို့ သုတေသနပညာရှင်တွေကပြောကြားခဲ့ပါတယ်

ဒီစစ်ဆေးမှုဟာ လူပေါင်း ၃၂၀၀၀ လောက်ကို ၁၈ နှစ်တာအတွင်းစောင့်ကြည့်နေခဲ့တာဖြစ်ပြီးတော့
၃၈၃၉ ယောက်ဟာဆီးကြိတ်ကင်ဆာဖြစ်ပွားလာတာကိုတွေ့ရှိရပါတယ်
အသက် ၂၀ ကနေ ၂၉ နှစ်အတွင်းနဲ့ ၄၀ က ၄၉ နှစ်အတွင်း အမျိုးသားတွေကို သူတို့တစ်လကို
ဘယ်နှကြိမ်လောက်အာသာဖြေလေ့ရှိလဲလို့မေးမြန်းခဲ့ပါတယ်
ရလဒ်ကတော့ များများအာသာဖြေလေ့ရှိတဲ့သူက ဆီးကြိတ်ကင်ဆာဖြစ်ပွားနှုန်းလျော့လေလေပဲဖြစ်ပါတယ်

ဟားဗက်ဆေးတက္ကသိုလ်မှ ဒေါက်တာ Jennifer Rider ကတော့

“ဒီအချက်အလက်တွေဟာ ဆီးကြိတ်ကင်ဆာရောဂါအပေါ်မှာ အာသာဖြေမှုကဘယ်လိုမျိုးသက်ရောက်မှုရှိလဲဆိုတာ ကိုလေ့လာထားတာပါ
စစ်တမ်းတွေကိုလေ့လာပြီးတဲ့နောက်မှာတော့ ကင်ဆာကာကွယ်တဲ့နေရာမှာ သိသိသာသာအကျိုးရှိစေတဲ့အချက်ဖြစ်ကြောင်းတွေ့ရပါတယ်

ဆီးကြိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ချပေးနိုင်မယ့် တခြားနည်းလမ်းတွေလည်းမတွေ့သေးတော့
အခုသိထားရတဲ့ ရလဒ်ဟာ အားရစရာတစ်ခုပါပဲ” လို့ပြောခဲ့ပါတယ်

ဆီးကြိတ်ကင်ဆာရောဂါဟာအမျိုးသားကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေတုန်းပါပဲ

Cancer.org မှာဖော်ပြထားချက်အရတော့
” အမေရိကန်မှာ ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးသူဦးရေဟာ အဆုတ်ရောဂါကြောင့်သေဆုံးဦးနေရေနီးပါးရှိပြီးတော့
ဒီရောဂါဟာ ဒုတိယအဖြစ်အများဆုံးကင်ဆာတစ်ခုဖြစ်နေပါတယ် “တဲ့

အမျိုးသား ၄၁ ယောက်မှာ ၁ ယောက်ဟာ ဆီးကြိတ်ကင်ဆာရောဂါကြောင့်သေဆုံးနေရကြောင်းလည်းပြောပြထားပါတယ်
ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိနိုင်သေးပေမယ့် အသက်အရွက်ကြီးမြင့်မှုကလည်း ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်

အခုချိန်မှာတော့ ဟားဗက်ကလေ့လာမှုအရ အမျိုးသားတွေအတွက် အိပ်ယာထဲမှာအလုပ်များစေမယ့်အကြောင်းပြချက်တစ်ခုရလာတာပေါ့
သိတယ်မလား…ရောဂါမဖြစ်အောင်ကာကွယ်တဲ့လေ့ကျင့်ခန်းပေါ့….

Credit: Min Thu (Daily Hot News)

Tags: Read Book Kbook တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် Knowledge, Sex Book Kbook တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် ရုပ်ပြဘာသာ တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် online, တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် ရုပ်ပြအသစ်,ကျန်းမာရေးအကြောင်အရာ Kbook တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင် chapter, high quality sub Myanmar, Kbook , ,

Rekomendasi

Comments (0)

Sorted by